နမ့်စန်တွင် အား/ကာကော်မတီဥက္ကဖလား ၂၃ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် ( Rehearsal) အစမ်းလေ့ကျင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် အား/ကာကော်မတီဥက္ကဖလား ၂၃ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် ( Rehearsal) အစမ်းလေ့ကျင့်ဆောင်ရွက်




MNP - စက်တင်ဘာ   ၂၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ် အောက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်ခြင်း (Rehearsal) ကို ယမန်နေ့ ညနေ ၃ နာရီ က အထက(နမ့်စန်) ဘောလုံးကွင်းအတွင်း တွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ အားကစားကွင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးဇေယျာဟန်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများနှင့် ကစားသမားများ၊ ဆိုင်းဘုတ်ကိုင်ကျောင်းသူများ စုပေါင်း၍ ဖွင့်ပွဲအခမ်းနားအတွက် အစမ်း လေ့ကျင့်ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် ရပ်ကွက်နှင့်  ကျေးရွာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် ၂ နာရီတွင် စတင်ကျင်းပ၍ အမှတ်(၉)ကျေးရွာအသင်းနှင့် ခိုလမ်မြို့ အသင်းတို့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)