ခေတ်မီစံပြကျေးရွာ (Smart Village ) ဖော်ဆောင်လျက်ရှိသည့် ဝန်ဖို့ကျေးရွာအား စံပြကျေးရွာ အင်္ဂါရပ်နှင့်အညီ ‌စနစ်တကျဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများကွင်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်မီစံပြကျေးရွာ (Smart Village ) ဖော်ဆောင်လျက်ရှိသည့် ဝန်ဖို့ကျေးရွာအား စံပြကျေးရွာ အင်္ဂါရပ်နှင့်အညီ ‌စနစ်တကျဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများကွင်းဆင်း




MNP - စက်တင်ဘာ   ၆


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စံပြကျေးရွာအင်္ဂါရပ်နှင့်အညီ ‌စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း၍ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာပြည်သူ များအားတွေ့ဆုံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြ သည်။


စံပြကျေးရွာဖော်ဆောင်လျက်ရှိသည့် ဝန်ဖို့ကျေးရွာ၏ အခြေခံကျသော ရွာလယ်လမ်းမနှင့် လမ်းသွယ်များ၊  အခြေခံအဆောက်အဦများ၊ ကျေးရွာ၏ပညာရေးဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကျေးရွာပြည်သူလူထုနှင့် ဆွေးနွေး၍ လုပ်ငန်းများလျာထားပြီး စီမံကိန်းကာလအတွင်း စံပြကျေးရွာအင်္ဂါရပ်နှင့်အညီ ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  


စံပြကျေးရွာအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ကျေးရွာ ပြည်သူများ  ဆွေးနွေးရာတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြားပြီး  ကျေးရွာပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ခေတ်မီစံပြ ကျေးရွာဖော်ဆောင်မည့် ဝန်ဖို့ကျေးရွာသည်အိမ်ခြေ(၂၀၀)ကျော်၊ လူဦးရေ (၁၀၀၀)ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး ကျေးရွာသူ/သားများမှ လယ်ယာ/ဉယျာဉ်ခြံနှင့် တောင် ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြ ကြောင်း သိရသည်။


SMART Village စီမံကိန်းကို သက်ဆိုင်ရာဌာနများ အလိုက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်  ရန်ပုံငွေများဖြင့် ကျေးရွာအခြေခံအဆောက်အဦများဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ခြင်းလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေး ရွာစီးပွားရေးလုပ်ငန်း၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ် ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း စသည့် ကဏ္ဍကြီး (၆)ရပ်ပါ လုပ်ငန်းခွဲများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ပုံငွေများလျာထားပြီး လုပ်ငန်းများဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)