သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်းလုပ်ငန်းများ သက်မှတ်လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်းလုပ်ငန်းများ သက်မှတ်လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

 


MNP - စက်တင်ဘာလ   ၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ Software Program ဖြင့် Database ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြရာ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့်မြို့နယ်အတွင်းရှိ ပြည်သူတစ်ဦးချင်းကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေးနိုင်(၄)မှတ်တမ်းများ၊ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အိမ်ထောင်စုပမာဏ မူတည်ကိန်းအရ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း(၄၁၉၀၇)စု၊ လူဦးရေ(၁၅၉၆၅၂)ဦးတို့ကို Database ရေးသွင်းရမည်ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ နေ့ညမပြတ်အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့စက်တင်ဘာလ ၂ ရက်နေ့အထိ အိမ်ထောင်စု(၂၃၇၅၀)စု၊ လူဦးရေ(၉၁၄၆၈)ဦး၊ (၅၆.၇)ရာခိုင်နှုန်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)