အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software Program အတွင်း ထည့်သွင်းခြင်း လုပ်ငန်း မြန်အောင်မြို့နယ်၌(၅၆.၁၂)%ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software Program အတွင်း ထည့်သွင်းခြင်း လုပ်ငန်း မြန်အောင်မြို့နယ်၌(၅၆.၁၂)%ပြီးစီး



MNP - စက်တင်ဘာ   ၃


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)များအား Software Program အတွင်းထည့်သွင်းခြင်းလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ (၅၆.၁၂)% ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းဆောင်ရွက်မှုအား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး ဦးတင်မြိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က Software Program အတွင်း ထည့်သွင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ မြန်အောင် မြို့ရပ်ကွက်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ဖြင့် အိမ်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software Program အတွင်းထည့်သွင်းခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကွန်ပျူတာကျွမ်းကျင်သော volunteers များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)