ကျောက်တံတားမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt ၊ Maskနှင့် နှိုးဆော်စတစ်ကာများ ဖြန့်ဝေခြင်းကိုကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt ၊ Maskနှင့် နှိုးဆော်စတစ်ကာများ ဖြန့်ဝေခြင်းကိုကြည့်ရှုအားပေး

 


MNP - စက်တင်ဘာ  ၂၁


ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ရန်ကုန်မြို့အတွင်း  ခရီးသွားပြည်သူများသွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အသိပညာ‌ပေးစာတမ်းများပါသည့် T-Shirt၊ Mask နှင့် နှိုးဆော်စတစ်ကာများကို ယမန်နေ့နံနက်(၁၁)နာရီက  ကျောက်တံတားမြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သည့်  မြို့တော်ခန်းမ(ဘတ်စ်ကားမှတ်တိုင်)များတွင် YBS ကားများကို နှိုးဆော်စတစ်ကာများကပ်ခြင်း၊ ယာဉ်မောင်းများကို T-Shirt များဖြန့်ဝေခြင်းနှင့် ခရီးသွားပြည်သူများကို( Mask ) နှာခေါင်းစည်းများဖြန့်‌ဝေခဲ့ကြောင်း သိရသည်။


အဆိုပါ T-Shirt၊ Mask နှင့် နှိုးဆော်စာများဖြန်ဝေသည့်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကိုယ်တိုင်လာရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲဝင်များ ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခုဖြန့်‌ဝေသည့် T-Shirt နောက်ကျောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုကာကွယ်ရန် Stop Covid-19 စာတမ်းအပါအဝင် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ စာသားများရေးသားထားပြီး အဆိုပါ T-Shirt များကို ယာဉ်မောင်းများအနေဖြင့် ရက်သတ္တတစ်ပတ်ကြာ ဝတ်ဆင်မောင်းနှင်ကြရမှာဖြစ်ပြီး ခရီးသွားပြည်သူများကို Mask များဝေငှပြီး ကိုယ်တိုင်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ယခုလိုဆောင်ရွက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိလူစည်ကားရာဘတ်စ်ကားမှတ်တိုင်များတွင်(၁၉-၉-၂၀၂၂)ရက်နေ့မှ (၂၃-၉-၂၀၂၂)ရက်နေ့အထိ အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)