ပေါင်မြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (TalK Show)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (TalK Show)ပြုလုပ်


MNP ၊ စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(TalK Show)ကိုယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ် ဒုတိယ ဥပဒေ အရာရှိ ဒေါ်ဝေဝေမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ကလေးအလုပ်သမား ဥပဒေ၏ အဓိပ်ပါယျဖှငျ့ဆိုခကြျမြား ၊ကလေးအလုပ်သမားခိုင်စေမှုနှင့် ပတ်သတ်ပြီးကလေးအလုပ်သမားများ၏ အသက်ခွင့်ပြုချက်များ၊ကလေးအလုပ်သမားများနှင့်ပတ်သတ်ပြီးကာကွယ်ပေးထားသည့် ဥပဒေများ၊ကလေးသူငယ် အလုပ်သမားခိုင်းစေမှုများနှင့်ပတ်သတ်ပြီးပြစ်မှု၊ပြစ်ဒဏ်များ၊ကလေးသူငယ် အလုပ်သမားပပျောက်ရေးနှင့်ပတ်သတ်ပြီးဆောင်ရွက်သင့်သည့်အချက်များကို ဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်   Talk Show ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)