ပေါင်မြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါင်မြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

 

22

MNP - စက်တင်ဘာ   ၂


မွန်ပြည်နယ် ပေါင်မြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းရာ အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်က စိုက်ပျိုးရေးဌာန၏ အဓိက လုပ်ငန်းတာဝန်များ၊ ရာသီအလိုက် စိုက်ပျိုးသီးနှံများအကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများအပေါ် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဆောင်ရွက် ပေးနေမှုများ၊ အခြား NIGO အဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး မိမိဒေသ ဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။


သတင်း - မွန်မလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages