ဘီးလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊  စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် သထုံခရိုင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီး ဌာနနှင့် ပူးပေါင်း၍ စက်တင်ဘာ(၂၈) ရက်နေ့ ၊နံနက် (၁၁)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံ က ဘီးလင်းမြို့နယ်ရှိ ကလေး ငယ်များ အရွယ်မရောက်ခင် အလုပ်သမားမဖြစ်စေရေးနှင့် ကလေးများ ကိုခိုင်းစေနေသည့် အလုပ်ရှင်များအနေဖြင့် လိုက်နာရမည့်ဥပဒေများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ 

ထို့နောက် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ရဲကျော် က ကလေးအလုပ် သမားဟုသတ်မှတ်သည့် အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ် သမားခိုင်းစေတဲ့အလုပ်ရှင်တွေအနေနဲ့လိုက်နာရမည့်ဥပဒေများ၊ကလေးအလုပ်သမား‌ပပျောက်အောင် ဆောင်ရွက်သင့်သည့်နည်းလမ်း၊ စက်ရုံ အလုပ် ရုံတွေမှာကလေးအလုပ်သမား‌ တွေနှင့်ပတ်သက်သည့် ညွှန်ကြား ချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)