ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်




MNP - စက်တင်ဘာ   ၁၀


မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၁၂)နာရီက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဆန်းဝင်းအောင်မှ ကမ္ဘာ့ရှေးဦး ပြုစုခြင်းဖြစ်ပေါ်လာပုံမှာ ကြက်ခြေနီကိုစတင်ခဲ့တဲ့ ကြက်ခြေနီ၏ဖခင်ကြီး ဟင်နရီဒူးနန့်ဟာ စီးပွားရေးလုပ်ငန်းအတွက် တတိယမြောက် နပိုလီယန်ဘုရင်ကြီးအား တွေ့ဆုံရန် စစ်ဖြစ်ပွားနေသည့် စစ်မြေပြင်သို့ လိုက်သွားရာ ဘုရင်အား မတွေ့ရမီ စစ်ပွဲတခုကိုဖြတ်သွားရပြီး စစ်ပွဲကတော့ (ဆိုဖါရီဒို)စစ်ပွဲဖြစ်ပြီး ဒဏ်ရာရသူ/ သေကောင်ပေါင်းလဲဖြစ်ပြီး အော်ဟစ်ငြီးတွားသံတွေနဲ့ အနိဌာရုံတွေကို မြင်တွေ့ရ၍ စိတ်မကောင်းဖြစ်ကာ မိမိရဲ့မူလလာရင်းကိစ္စရပ်ကိုမေ့ပြီး အနီးအနားရွာများရှိ လူများကို စုစည်း၍ ဒဏ်ရာရ (၂)ဘက်စစ်သည်များအား ဒဏ်ရာများသာမက စိတ်ပိုင်းဆိုင်ရာများဖြင့် အားပေးကူညီပြုစုပေးခဲ့သည့်အတွက် (ရှေးဦးပြုစုခြင်းအစ ဆိုဖါရီစစ်မြေပြင်က) သမိုင်းတင်ပြီး ကြက်‌ခြေနီအသင်းဖြစ်ပေါ်လာပုံ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးပြုစုခြင်းမှာ ကဏ္ဍစုံဖြင့် ပါဝင်ဆောင် ရွက်နေရကြောင်း အချိန်မရွေးနေရာမရွေး ကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေကြောင်း ရှေးဦးပြုစုခြင်းဆိုတာ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ရုတ်ချည်းဒဏ်ရာရသူများသို့ နားလည်တတ်ကျွမ်းသူ ဆရာဝန်(သို့) ကုသသူထံမရောက်မီ ဒဏ်ရာအခြေအနေ ပိုမိုမဆိုးဝါး စေရန်နှင့် အသက်နှင့်ခန္ဓာတည်မြဲဖို့ ပြုစုပေးတာဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်းပညာမှာ အခြေခံသင်တန်း၊ သာမန်သင်တန်း၊ နည်းပြသင်တန်း၊ မိသားစုပြန်လည်ဆက်သွယ်ရေးနှင့် အခြားသင်တန်းများလဲ ပို့ချလျက်ရှိနေပြီး အခြေခံသင်တန်းပြီးသည်နှင့် ရှေးဦးပြုစုခြင်း သင်တန်းကို ဆက်လက်တက်ရောက်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)