ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်


MNP ၊ စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့တွင်ကျရောက် သည့် (International Day of Clean Air for Blue Skies) အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ လေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်း ပပြုလုပ်သည်။


အဆိုပါ (Talk Show)ဆွေးနွေးပွဲတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦး စီးမှူး ဒေါ်နှင်းဖြူဖြူဖွေးက ၂၀၁၉ ခုနှစ်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများနှင့် လေထုအရည် အသွေးကို တိုးတက်လာစေမည့် ဖြေရှင်းနည်းများကို ပိုမိုသိရှိနားလည်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့(International Day of Clean Air for Blue Skies) ကို စက်တင်ဘာ(၇)ရက်နေ့တွင်  ကျင်းပပြုလုပ်ရန်ဆုံးဖြစ်ခဲ့ကြောင်းနှင့် လေထုညစ် ညမ်းမှုအား ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် ဓါတ် ငွေ့များ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကို လျော့ချနိုင်သည့် နည်းလမ်းများ၊ လေထုအရည်အသွေးတိုင်းတာဆောင် ရွက်ရသည့် အကြောင်းအရာများ  စသည့်လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးများအား ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးပေးခဲ့သည်။ 


ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထုညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ အပတ်စဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ပူးပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး Kyauk Phyu Dristrict ECD Page တွင်လည်း အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)