ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေး

 


MNP - စက်တင်ဘာ  ၂၈


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်တွင် ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါ ရှိ/ မရှိစစ်ဆေးကြကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာထုတ်သည့် အငြိမ်းစား ဝန်ထမ်းများ၌ ကိုဗစ်ရောဂါပိုး ရှိ/ မရှိ စစ်ဆေးရန် ဆန္ဒရှိသည့် (၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ ချက်ချင်း သိနိုင်ရန် RTD နည်းအရ Test Kit ဖြင့် ချက်ချင်းစစ်ဆေးခဲ့ပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေ့ရှိခြင်းမရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးစန်းဝင်း၏ ပြောပြချက်အရ သိရသည်။


ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က ပင်စင်လာထုတ်သည့် အငြိမ်းစားဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)