The 7th Eastern Economic Forum-2022 သို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများကို International Space Station (အာကာသ)တွင် ချိတ်ဆွဲဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

The 7th Eastern Economic Forum-2022 သို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများကို International Space Station (အာကာသ)တွင် ချိတ်ဆွဲဂုဏ်ပြု



MNP ၊ စက်တင်ဘာ ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို  ပါဝင်တက်ရောက် သည့်  နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါနိုင်ငံအလံများကို International Space Station(အာကာသ)တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြောင်းသိရှိရသည်။


စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ  Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ  (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံ တို့၏ အလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ချိတ်ဆွဲဂုဏ်ပြုထားရာတွင် နိုင်ငံ့ အလံများအား ကမ္ဘာကိုနောက်ခံပြုကာ ထင်ရှားစွာတွေ့မြင်နိုင်ရေး ဂုဏ်ပြုချိတ်ဆွဲ ထားကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)