ပြည်နယ်အဆင့် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ် U-16 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်အဆင့် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ် U-16 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်



MNP - ဩဂုတ် ၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ရှမ်းပြည်နယ်တောင်ပိုင်းဇုံ မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ် ကိုယ်စားပြု U-16 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အသင်းအုပ်ချုပ်သူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်က တာဝန်ရှိသူများကို ပြည်နယ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ယခုပြည်နယ် အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲများ အဆင့်ဆင့် ပြုလုပ်၍ အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ပြီး နည်းစနစ်မှန်ကန်စွာဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယခုပြိုင်ပွဲတွင်အောင်မြင်မှု ရလဒ်ကောင်းများ ရရှိမည်ဟု မျှော်မှန်းထားပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်နှင့် မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားကြရန် ပြောကြားခဲ့ပြီး မြို့နယ် ကိုယ်စားပြု U-16 အသင်းမှ တာဝန်ရှိသူများထံသို့ အသင်းအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ရှမ်းပြည်နယ်တောင်ပိုင်းဇုံ မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နမ့်စန် U-16 အသင်းမှ နည်းပြ၊ အုပ်ချုပ်သူ၊ အားကစားသမားများ စုစုပေါင်း ၂၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)