MNP - စက်တင်ဘာ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကဝမြို့နယ်၌ (Unit Plan) စီမံကိန်းကျေးရွာများတွင် ကျွဲ၊နွား၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့်ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) များနှင့်အဖွဲ့က စက်တင်ဘာ (၂၃)ရက်နေ့တွင် ဇွဲဘာကျေးရွာနှင့် ဂွရွာများတွင်လည်းကောင်း၊ စက်တင်ဘာ (၂၄)ရက်နေ့တွင် ပေါက်ကွဲကျေးရွာနှင့် အေးရွာသစ်ကျေးရွာတို့တွင်လည်းကောင်း ကျွဲ၊ နွားကောင်ရေ (၁၇၀)ကောင်တို့အား ခွာနာ၊ လျှာနာကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment