မိုးညှင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

 



MNP - စက်တင်ဘာ   ၅


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပျော်ဘွယ်ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ ဦးစီးအရာရှိ(နည်းပညာ) ဦးသီဟဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းတို့က ကြည့်ရှုစစ်ဆေးကြရာ ပျော်ဘွယ်ကျေးရွာ ကော်မတီဝင်များမှ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း‌ဆောင်ရွက်‌နိုင်ရေး၊ စာရင်းဇယားများပြည့်စုံစွာ ဖြည့်သွင်းထားရှိရေးနှင့် သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။


ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား အရှည်ပေ ၈၀၀၊ အကျယ် ၁၂ ပေ နှင့် အမြင့်(ထု) ၆ လက်မဖြင့် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်၍ VDPစီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ကျေးရွာလူထုထည့်ဝင်ငွေကျပ် သိန်း(၄၀) စုစုပေါင်း‌ငွေကျပ်သိန်း (၁၄၀)ဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)