စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၂၉


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက နိုင်ငံ့လူဦးရေ (၆၀) % သည် ကျေးလက်နေပြည်သူများဖြစ်ပြီး မြို့ပြတွင် နေထိုင်သော လူဦးရေနှင့် ဆင်းရဲမှုနှုန်း ကွာဟမှုကို လျော့ကျစေရန်၊ လူမှုစီးပွားဘဝများ ဖွံဖြိုး တိုးတက်လာစေရန်၊ ဌာန၏ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်တွင် ကျေးလက်နှင့် မြို့ပြ လူမှုစီးပွားဘဝကွာဟနေမှုကို ဖြေလျော့စေရန်၊ ဌာနနှင့်ကျေးလက်နေပြည်သူများ ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်မှ စီမံကိန်းရန်ပုံငွေများကို ချထားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (VDP) စီမံကိန်းဆောင်ရွက်မည့် ကျီတော်ကုန်းကျေးရွာ၊ ထီးကုန်းကျေးရွာ၊ ဇီးပင်ကုန်းကျေးရွာ၊ စားကျက်ကလေးကျေးရွာ စသည့်ကျေးရွာ (၄) ရွာတို့မှ ကျေးရွာစီမံကိန်းကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀) စီအား လွှဲပြောင်း ပေးအပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကျေးရွာများမှ စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)