MNP - စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၊ ပန်လော့ ကျေးရွာအုပ်စုနှင့် ခမ်းတိမ်းကျေးရွာအုပ်စုအတွင်းရှိ အသက် (၆) လမှ (၅) နှစ်အတွင်း ကလေးငယ်များအား Vitamin A နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်လျက်ပေးရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား Vitamin A တိုက်ကျွေးခြင်းဖြစ်ပြီး သန်ချဆေးအား အသက် (၂)နှစ်အထက် ကလေးငယ်များကိုသာ တိုက်ကျွေးခြင်းဖြစ်သည်။ အဆိုပါဆေးတိုက်ကျွေးခြင်းများကို ရပ်ကွက်(၁)ခန်းမ၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်(၃) မိခင်ကလေးကျန်းမာရေးဌာန တို့တွင် စုရပ်များအဖြစ်သတ်မှတ်ကာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိသည်။ ကလေးငယ်များအား ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်ပေးရာတွင် မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နှိုးဆော်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသော ကလေးငယ်များအား စက်တင်ဘာလ (၂၀) ရက်နှင့်(၂၁) ရက်နေ့တို့တွင် မိခင်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment