YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

021

020

018

MNP ၊ စက်တင်ဘာ ၂၉

ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါပိုးသည် မျိုးဗီဇပြောင်း မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများသည့် ဘတ်စ်ကားမှတ်တိုင်များနှင့် YBS ခရီးသည်တင်ယာဉ်များတွင် ကိုဗစ်−၁၉ရောဂါဆိုင်ရာ အသိပညာပေး ပိုစတာများ ကပ်ထားကြေညာခြင်း၊ မြို့တွင်းခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား ပါးစပ်/နှာခေါင်းစည်း(Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရှန်/ရှောင်ရန်အချက်များကို ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိ ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) အနေဖြင့် YBS ခရီးသည်တင်ယာဉ်လိုင်း(၁၁၆)လိုင်းမှ ယာဉ်အစီးရေ (၃၃၀၀)ကျော်ဖြင့် နေ့စဉ် မြို့တွင်းခရီးသွားပြည်သူ (၁၃)သိန်း ကျော်ကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည် တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း(Mask) အခုရေ တစ်သောင်းအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages