Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက်ရှိပြီး သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက်ရှိပြီး သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိ

008


နေပြည်တော် စက်တင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်ဆိုသည့် တာဝန် (၃)ရပ်ကို ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအား Channel များ တိုးချဲ့ထုတ်လွှင့်နေသကဲ့သို့ Online အသုံးပြု၍လည်း မီဒီယာလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီဒီယာသည် ကဏ္ဍတိုင်းတွင် လွန်စွာအရေးကြီးသဖြင့် စနစ်တကျ အသုံးပြုနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများအတွက် MRTV Application ကို ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ဖြုတ်ချခံခဲ့ရသည့်အတွက် ပြည်သူများ၏ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဖျက်ဆီးလျက်ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန်တွင် Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း စသည်ဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့် ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့နေရသည့် အတွက် Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို ယခုကဲ့သို့ တီထွင်ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ပြည်ပမီဒီယာများ၊ ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာများက သတင်းမှားများထုတ်ပြန်၍ ပြည်သူများအား မှိုင်းတိုက်ဆောင်ရွက်နေသဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သတင်းမှားများအပေါ် နည်းမျိုးစုံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သို့ပင် အခက်အခဲ အတားအဆီးများ ကြုံတွေ့နေရသည်ဖြစ်စေ မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံသားများအတွက် အသိပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ သတင်းပြန်ကြားခြင်းလုပ်ငန်းများကို အကောင်းဆုံး ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ဆွေးနွေးသည်။


ထို့နောက် United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းက Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages