MNP ၊ အောက်တိုဘာ ၃
အောက်တိုဘာ ၂ ရက်နေ့မှာ ဓားထိုးခံခဲ့ရပြီး သေဆုံးခဲ့တဲ့ မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းရဲ့ ရုပ်အလောင်းကို ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ မောင်တောသုဿန်မှာ သဂြိုလ်ခဲ့ပါတယ်။
အဆိုပါသေဆုံးခဲ့မှုနှင့်ပက်သက်ပြီး မောင်တောခရိုင်ဆရာ/ ဆရာမများမှ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ဆရာမကြီးဟာ ခရိုင်ပညာရေးမှူးရုံးမှာ ရှိနေစဉ် AA အဖွဲ့ဝင် လူသုံးဦးက ဝင်ရောက်ပြီး ဓားနဲ့ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ AA အဖွဲ့မှ အခွန်မကောက်ပေးလို့ လုပ်ကြံသတ်ဖြတ်တာဖြစ်ကြောင်း ရရှိထားတဲ့ အထောက်အထားများလည်း ထုတ်ပြန်ကြေငြာသွားမှာဖြစ်ကြောင်း သိရပါတယ်။
ခရိုင်ပညာရေးမှူးဟာ ဓားနဲ့ထိုးသတ်ခံရပြီး အရေးပေါ်အခြေနေကြောင့် မောင်တောပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ နာရေးကိုတော့ ပညာရေးဝန်ထမ်းအများစု လိုက်ပါပိုဆောင်ပေးခဲ့ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment