ပုဏ္ဏားကျွန်းမြိုပေါ်နှင့် ကျေးရွာများတွင် AA အတွက်ဆက်ကြေးကောက်ပေး နေသူတစ်ဦးကို ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြိုပေါ်နှင့် ကျေးရွာများတွင် AA အတွက်ဆက်ကြေးကောက်ပေး နေသူတစ်ဦးကို ဖမ်းဆီး



MNP ၊ အောက်တိုဘာ ၁၇

ပုဏ္ဏားကျွန်းမြို့နယ်၊ ရွာသာယာကျေးရွာနေ အသက် ၅၂ နှစ်အရွယ်  မိုးသီးခိုင် ရခိုင်/ဗုဒ္ဓ၊ တရားမဝင် အရက်ချက်လုပ်ငန်းလုပ်ကိုင်သူသည် နေ့စဉ် ပုဏ္ဏားကျွန်းမြိုပေါ်နှင့် ကျေးရွာများတွင် AA အတွက်ဆက်ကြေးကောက်ပေး နေကြောင်း ဒေသခံလူထု၏ သတင်းပေးမှုအရ ပြီးခဲ့သည့်ရက်ပိုင်းက လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။


ဒေသခံတစ်ဦးက “AA ကိုပေးလားမပေးလားတော့မသိဘူး။ တစ်ပတ်ကို တစ်ခါလောက် တစ်ဆိုင် တစ်သောင်းလာတောင်းနေတာ၊ တစ်ခါတစ်လေ သူ့ဘေးမှာ AA အဖွဲ့ကသူတွေ ပါလာတတ်တယ်၊ သူတောင်းပြီးပြီလား မတောင်းပြီးပြီလားတောင်မသိ၊ သတိရတိုင်း လာလာတောင်းနေတာဆိုတော့ မခံနိုင်တဲ့အဆုံး ဒီကလူတွေက သတင်းပေးလိုက်တာလို့ သိရတယ်၊ အဲ့လူက သူတောင်းတာမပေးရင် AA ကလူတွေဆီသွားတိုင်လို့ ခဏခဏပြဿနာ ဖြစ်ကြတယ်၊ သူတို့လူအောက်မှာ မရှိဆင်းရဲသားတွေကို ဘယ်လိုဖြဲရဲ တောင်းနေလည်းဆိုတာတော့ မသိဘူး” ဟု ပြောသည်။


မိုးသီးခိုင်သည် ရပ်ကွက်နေ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ လစဉ်ဆက်ကြေးငွေများ ကောက်ခံ၍ AA အဖွဲ့သို့ ထောက်ပံ့နေသူ တစ်ဦးဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်း ရဲစခန်းတွင် မတရားအသင်း အက်ဥပဒေပုဒ်မ-၁၇(၁)အရ အမှုဖွင့်အရေးယူခံထားရကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)