အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါပိုး ကာကွယ်နှိမ်နင်း ရေး အသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါပိုး ကာကွယ်နှိမ်နင်း ရေး အသိပညာပေး နှိုးဆော်



MNP ၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကိုဗစ်- ၁၉ မျိုး ရိုးဗီစပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5  ရောဂါပိုးများပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ရေးထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ပေးခြင်းကို ယနေ့  နံနက် ၉ နာရီအချိန်က အမှတ်(၃ )ဈေးရပ်ကွက် ၌ ပြည်သူများ အသွား လာများရာ လမ်း ဆုံ လမ်းခွများသို့လှည့်လည်အသိပညာပေး နှိုး ဆော်ပေးခဲ့သည်။ 


အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ် BA-5 အမျိးအစားသည်ရန်ကုန်မြို့အပါ အဝင် အခြားမြို့ကြီးများ၌ ၎င်းရခိုင်ပြည်နယ်တွင်းသို့ပါ ကူးစက်လူနာများတွေ့ရှိလာပြီဖြစ်ကြောင်း ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။ 


သို့ဖြစ်ရာ ရောဂါကူးစက်မှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေးအတွက် အမ်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သို့ထွက်ခွာခြင်းမပြုဘဲ မိမိနေအိမ်၌သာနေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုစနစ် တကျဆပ်ပြာဖြင့်ဆေး ကြောကြရန်၊ ကိုဗစ်-၁၉ ရေဂါကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ အချိန်မီဆက်သွယ်ပြီး စနစ်တကျကုသမှုခံယူကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းမပြုရသေးသည့် ပြည်သူ များအနေဖြင့် နီးစပ်ရာဆေးရုံ၊ ကျန်း မာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်  လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)