စစ်ကိုင်းမြို့တွင် ပြည်သူများ အလုပ်အကိုင်ရရှိရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ပြည်သူများ အလုပ်အကိုင်ရရှိရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်



MNP - အောက်တိုဘာ   ၁၃


စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် တန်ဖိုးမြှင့် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၄/၂၀၂၂) ဖွင့်ပွဲကို အောက်တိုဘာ (၁၃)ရက်၊  နံနက်ပိုင်းက အဆိုပါ ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ဒီသင်တန်းက ပို့ချပေးမဲ့ပညာရပ်တွေကို စိတ်ဝင်စားစွာ သင်ယူသွားကြပြီး မိမိတို့ရဲ့မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများမှသည် အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြုးစားဆောင်ရွက်သွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပေးခဲ့သည်။


အဆိုပါသင်တန်းကို ရက်သတ္တပတ်(၁)ပတ်ကြာ သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြကာ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)