ကလေးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့် စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်သင်းက သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်၍ လုပ်ငန်းစတင် လုပ်ကိုင်လိုသူများအတွက် လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် ချောကလက်ကိတ်၊ နို့စိမ်းဘက်တာကိတ်၊ အိကလဲ၊ လျှာပေါ်ဝဲ၊ ကွတ်ကီး၊ နံကထိုင်၊ ပေါင်မုန့်အမျိုးမျိုး၊ Chiffon Cake၊ Marble Cake အစရှိသောမုန့်လုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြသည်။


ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အပြင်ဖျော်ရည်၊ ယိုအမျိုးမျိုးနှင့်ကိတ်မုန့်၊ ပေါင်မုန့်သင်တန်းများ၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံသံဂဟေဆက်သင်တန်းနှင့် အခြားစက်မှုလက်မှုနှင့်ဆိုင်သောသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မောင်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)