မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

 


MNP - အောက်တိုဘာ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲတွင် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုတဲ့ ဌာန၏ မျှော်မှန်းချက်များနှင့်အညီ အသေးစားစက်မှုလက်မှု လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင် ပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာပညာများ သင်ကြားပေးခြင်း၊ အသေးစားစက်မှု ထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိရန် ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ ဈေးကွက်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေး ခြင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနေတာကို တွေ့ရပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့်လည်းဌာနမှ လေ့ကျင့်သင်ကြားပေးလိုက်တဲ့ နည်းပညာများကို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချ ရသွားကြရမှာဖြစ်ပြီး ဌာနမှ တာဝန်ရှိသူများ အနေဖြင့်လည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အင်အားစိုက်ထုတ်ပြီး စိတ်စေတနာ ရှေ့ထား၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” ပြောကြား ခဲ့သည်။


ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းက တန်ဖိုးမြှင့် စားသောက် ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသား/သူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသဝင်ငွေမှ တိုင်းပြည် ဝင်ငွေ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၃၁)ရက်နေ့မှ နိုင်ဝင်ဘာလ(၆)ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)