ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဝေဟင်မှ ရှုခင်းများကြည့်ရန် Balloon များ စတင်ပျံသန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဝေဟင်မှ ရှုခင်းများကြည့်ရန် Balloon များ စတင်ပျံသန်း

 


MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများကြည့်ရှုရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့မှ အောက်တိုဘာ ၉ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ် ဆောင်းရာသီ Balloon ပျံသန်းခြင်းများစတင် ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကောင်းကင်ယံမှ ရှုခင်းကြည့်ရှုနိုင်ရန် Balloon စတင်ပျံသန်းခြင်းအား ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံ ဓာတ်ငွေ့ Balloon အဖွဲ့မှ ပိုင်းလော့ KX-Gavm မောင်းနှင်သော XY-AKH နံပါတ်ပါ Balloon နှင့် ပိုင်းလော့ K-Andy မောင်နှင်သော XY-AKY နံပါတ်ပါ Balloon တို့အား (၁)စီးလျှင် လူဦးရေ (၁၆)ဦး လိုက်ပါစီးနင်းခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ပုဂံမြို့သစ် အရှေ့ဘက် Bagan Lodge ဟိုတယ်၏ အရှေ့တောင်ဘက်တွင် ဆင်းခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ် အလှရှုခင်းများ၊ ထန်းပင်ထန်းတောများ၊ အညာဒေသတွင် ပေါက်ရောက်သည့် ထနောင်းပင်များ၊ တမာပင်များ၊ ရှေးဟောင်း အဆောက်အအုံများအား ပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များ လိုက်ပါစီးနင်းမှု များပြားခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါကူးစက်မှု မြန်မာပြည်တွင် ကူးစက်မှုရှိလာချိန်မှ စတင်ကာ ပျံသန်းမှုများ ရပ်တန့်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း အချိန်မှစတင်ကာ Balloon များ စတင်ပျံသန်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)