မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်းပထမနှစ် (၂/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်းပထမနှစ် (၂/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

 



MNP - အောက်တိုဘာ   ၁၆


ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်းပထမနှစ် (၂/၂၀၂၂) သင်တန်းသား/ သူများအား ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်းတန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံပညာဦးစီးဌာနမှ ပညာရေးဘွဲ့(B.Ed)ဘွဲ့ မရရှိသေးသော ဆရာ/ ဆရာမများအတွက် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း (၂/၂၀၂၂) အား ဖွင့်လှစ်သင်ကြားလျက်ရှိရာ မိမိတို့ မကွေးတိုင်းဒေသကြီးရှိ မကွေးပညာရေးဒီဂရီကောလိပ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တွင် သင်တန်းတက်ရောက်သူ (၁၀၃၂)ဦးရှိသည်ကို သိရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ် KG+12 ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆရာ/ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် လွန်စွာအရေးပါပြီး ဆရာ/ ဆရာများသည် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆရာ/ဆရာမများအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေများ ဖန်တီးပေးခြင်း၊ ဘွဲ့ထောက်ပံ့ကြေးများပေးအပ်ခြင်းနှင့် အုပ်ချုပ်စရိတ်ထောက်ပံ့ ပေးခြင်းတို့ဖြင့် အသိအမှတ်ပြု တန်ဖိုးထားလျက်ရှိပါကြောင်းနှင့် ဆရာ/ဆရာမများအနေဖြင့်လည်း အသိပညာထုတ်လုပ်သူများ၊ ပြန်လည်သင်ကြားပေးသူများနှင့်မူဝါဒမိတ်ဘက်များအဖြစ် မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း ပြေကြားသည်။


ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ စည်းမျဉ်း/ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် သင်တန်းသား/သူများက တေးသီးချင်များဖြင့် တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင်ခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


အဆိုပါ မကွေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သော ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ် (၂/၂၀၂၂) သင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း(၇၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၁၁.၁၀.၂၀၂၂)ရက်နေ့မှ (၁၅.၁၁.၂၀၂၂)ရက်နေ့အထိဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)