ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည် တည်ဆောက်ရာတွင် ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည် တည်ဆောက်ရာတွင် ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ




MNP ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည် တည်ဆောက်ရာ၌ ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ(၃၀)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည် မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးကအမှာစကား ပြောကြားခဲ့ပြီး စည်ပင်လျှိုပိတ်ဆည် မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြေယာ/သီးနှံ လျော်ကြေးငွေများကို ပေးအပ်ခဲ့ရာ စည်ပင်လျှိုပိတ်ဆည် တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေဧရိယာ (၆.၅၂)ဧကနှင့် မြေလွတ်(၈.၇၄)ဧကရှိ သီးနှံပင်များ ပါဝင်ခြင်းနှင့် ပတ်သက်၍ ကာယကံရှင်(၃)ဦးအား လျော်ကြေးငွေ ၆၃၈သိန်း၅သောင်းကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြေယာ/သီးနှံ လျော်ကြေးငွေ လက်ခံရရှိမှုအပေါ်  ကာယကံရှင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)