ရသေ့တောင်မြို့၌မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ





MNP ၊ အောက်တိုဘာလ ၄

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း နှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။ 


ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက်များရှိ အခြေခံလူ ဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)