ကလောမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်




MNP - အောက်တိုဘာ  ၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီအချိန်က လွယ်အံကျေးရွာအုပ်စု မြင်းကကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းဝင်းခိုင်နှင့် ဝန်ထမ်းများက မြင်းကကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပန်းမုံလာ၊ ဂျင်း၊ မုံညှင်းထုပ်၊ ခရမ်းချဉ်သီးနှင့်အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စာနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ တိုးပွားလာသောအတိုးငွေတို့ဖြင့် ကျေးရွာ၏လိုအပ်ချက်နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရန်၊ ကျေးရွာလူထု၏ စွမ်းဆောင်ရည်မြှင့်မားလာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မြစိမ်းရောင်ကျေးရွာစီးမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ၅၈ ယူနစ် ကျေးရွာပေါင်း ၆၃ ရွာအကောင်အထည်ဖော် ဆောင်ရွက်ပြီးကြောင်း သိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)