မိုးညိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားပြုလုပ်



MNP - အောက်တိုဘာ  ၂၉     


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကရင်ချောင်အုပ်စု၊ ကရင်ချောင်ကျေးရွာရှိ ဘုန်တော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစီမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုများ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သာယာဝတီခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးဦးသန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး မိုးညိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်က ဆီထွက်သီးနှံ ရန်ပုံငွေထုတ်ချေးပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် သာယာဝတီခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် (၂၀၀) သိန်းအား မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်းအဖွဲ့သို့ လွဲပြောင်းပေးအပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များအား ဓာတ်‌မြေဩဇာနှင့် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။


ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)လုပ်ငန်းအဖွဲ့၊ ကျေးရွာကော်မတီဝင်များက ကရင်ချောင်ကျေးရွာရှိ တောင်သူ(၆၁)ဦး၊ စိုက်ဧက (၁၃၄)ဧက အတွက် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် ကျပ်(၂၀၀)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)