ရွှေတောင်မြို့နယ်တွင် အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း(၄/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း(၄/၂၀၂၂)ဖွင့်လှစ်



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်(၁၀:၀၀)နာရီက အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း (၄/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်မက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ အထည်ဆေးရေးနည်းနှင့် ပန်းပုံရိုက်နည်းပညာများပြန့်ပွားစေရန်၊ ရက်ကန်းလုပ်ငန်းနှင့်တွဲဖက်၍ ဆေးရေးထည်များထုတ်လုပ်ပြီး ဈေးကွက်တစ်ခုရရှိလာစေရန်၊ အခြေခံလူတန်းစားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးများထူထောင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အထည်ဆေးရေးနည်းနှင့် ပန်းပုံရိုက်နည်းပညာကိုသုံး၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်လာနိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၄.၁၀.၂၀၂၂)မှ ( ၂၈.၁၀ . ၂၀၂၂) ရက်အထိ ( ၁၄)ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)