တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ ဒွါဒသမအကြိမ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ ဒွါဒသမအကြိမ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်





MNP ၊ အောက်တိုဘာ ၁၆

 တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ၁၃၈၄ ခုနှစ်၊ ဒွါဒသမအကြိမ်(၁၂)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်း အနားသည်ယခင်နှစ်များက စည်ကားစွာကျင်းပနိုင်ခဲ့ပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် အကျဉ်းမျှသာကျင်းပနိုင်ခဲ့ကြောင်း၊ ယခု အခါတွင်ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းမဟာဘုံကထိန်ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူတွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊  ဘာသာရေးအခမ်း အနားဖြစ်သောကြောင့်မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့် အညီစည်စည် ကားကားဖြစ်အောင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သံဃာတော်များကြိုဆိုပင့်ဆောင်ရမည့်လုပ်ငန်း၊ ပဒေသာပင်များလှည့်လည်ပူဇော်မည့်လုပ်ငန်း၊ သံဃာတော်များအားဆွမ်းဆက်ကပ်ရေးနှင့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံရေးလုပ်ငန်း၊ ပဒေသာပင်များအားမဲဖောက်ပေးရေးနှင့်ပို့ဆောင်ရမည့်လုပ်ငန်းများအား ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။


ထိုနောက်လုပ်ငန်းကော်မတီဝင်များ က အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာ နှင့်ပဒေသာပင်လှူဒါန်းရေး ဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလက်ခံဆက်ကပ်ရေး လုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေး လုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး နှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များလှည့်လည်ပူဇော်နိုင်ရေး စသည့်တို့ကိုရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)