သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာမှ ဖြစ်ထွန်းအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာမှ ဖြစ်ထွန်းအောင်မြင်



MNP - အောက်တိုဘာ   ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ပျိုးရာမှ (၂၆၀၁၆) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။


သရက်ချောင်းမြို့နယ် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများတွင် ရှိသော်လည်း သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးသွားမည်ဆိုပါက စပါးတစ်ဧကအတွက် မျိုးစေ့ (၁၀)ပြည် အသုံးပြုရကြောင်းနှင့် ပျိုးသက်နုချိန် စပါးပျိုးသက် (၂၅)ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး၊ စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် ကောက်ကွက်တစ်ကွက် တွင် ပျိုးပင်(၂)ပင်မှ (၃)ပင်နှုန်း၊ တန်းကြား (၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ ကောက် ကွက်ဖာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၄၅)ရက် ရောက်ရှိပါက ဒုတိယအကြိမ် ရေတင် ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ဆောင်ရွက်ပြီး (၆၅)ရက် ရောက်ရှိသည့် စပါးနှံ သန္ဓေကပ်ချိန်နှင့် ရက်ပေါင်း (၁၀၅)ရက် ရောက်ရှိချိန်တွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ရက်ပေါင်း(၁၃၅)ရက် ကျော်လွန်ပါက စပါးရိတ်သိမ်းခြင်းများ ဆောင်ရွက်ရ ကြောင်း သိရသည်။


သရက်ချောင်းမြို့နယ်တွင် စိုက်ပျိုးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိုးစပါးစိုက်ပျိုးသူတောင်သူများအား သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးခြင်းဖြင့် အောင်မြင်သန့်ရှင်းသော မျိုးကောင်းမျိုးသန့်များ ရရှိခြင်း၊ အထွက်နှုန်း ကောင်းမွန်မှုသေချာခြင်း၊ စိုက်နည်း စိုက်ဟန်ဖြင့်စိုက်ပျိုးနိုင်ရန် နည်းစနစ်ပေးခြင်း၊ Viber Group၊ Messenger Groupဖြင့် လိုအပ်သည်များကို စနစ်တကျဆောင်ရွက်ပေးခြင်း၊ တစ်ဧကအထွက်နှုန်းတိုး၍ မိုးစပါးစိုက်ပျိုးသူတောင်များအနေဖြင့် ဝင်ငွေတိုးစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)