အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကျင်းပ





MNP - အောက်တိုဘာ   ၁၃


၂၀၂၂ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်မှစ၍ `အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ဆိုသည့် စကားရပ်အစား အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ`ကြိုတင်သတိပေးထုတ်ပြန်ချက်၊ ဆောလျင် ဆောင်ရွက်အားလုံးအတွက်´ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ယခုနှစ်မိုးရာသီကာလတွင် ရပ်စောက်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်များတွင် ရေဝင်ရောက်မှုဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရသောကြောင့် လာမည့်နှစ်တွင် အလားတူမကြုံတွေ့စေရန် မိမိတို့မြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ထားရှိရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ Head of UNDRRမှ Mrs.MamiMizutori ပြောကြားသည့် သတင်းစကား Video နှင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကခန်းမအတွင်း ခင်းကျင်းပြထားသောသဘာဝဘေး အသိပညာပေးပြခန်းမများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)