ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာအိတ်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာအိတ်များထောက်ပံ့

 


MNP - အောက်တိုဘာ  ၂၉


ကရင်ပြည်နယ်အတွင်း သဘာဝဘေးကြုံတွေ့ရလေ့ရှိသည့် မြို့နယ်(၅)မြို့နယ်သို့ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် နှစ်စဉ်မိုးဦး၊ မိုးနှောင်းကာလများတွင် ရာသီဥတုဖောက်ပြန်မှုနှင့် အတူ မြစ်ရေကြီးခြင်း၊ တောင်ကျရေစီးဆင်းခြင်းတို့ကြောင့် ကျွဲ၊ နွား လွှတ်ကျောင်းစာကျက်များ၊ အစာစိုက်ခင်းများ၊ အစာသိုလှောင်ထားရှိသော အရာများ ပျက်ဆီးဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိကြောင်း၊ ဘေးဒဏ်သင့်ဒေသများရှိ ကျွဲ၊ နွားများအတွက် အစာအဟာရအခက်အခဲရှိသဖြင့် လိုအပ်သောအဟာရ ဖြည့်တင်းမှုဖြစ်စေရန် ၅၀ ကီလိုဂရမ် ကျွဲ၊ နွားအစာနုအိတ်ပေါင်း ၆၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မွေးမြူသူတောင်သူများအနေဖြင့် ရရှိလာသည့် တိရစ္ဆာန်အစာအိတ်များကို အလေအလွင့်မရှိအောင် စနစ်တကျ အသုံးပြုပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုမှ စုစုပေါင်း ကျွဲ၊ နွားကောင်ရေ ၃၄၁၄ အတွက် ငွေကျပ် ၂၃၈ ဒဿမ ၈ သိန်း တန်ဖိုးရှိ အစာနုအိတ် ပေါင်း ၆၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မွေးမြူသူကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွေးမြူရေးတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)