တောင်ကုတ်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းရက်တိုသင်တန်းဖွင့်လှစ်

 



MNP - အောက်တိုဘာ   ၁၃


ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ကြီးမှူး၍ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၅)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲအုပ်သန်းဌေးက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် သင်တန်းသား၊ သင်တန်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးသည်။


အဆိုပါ သင်တန်းမှာ အောက်တိုဘာ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများတိုးပွားစေပြီး အများပြည်သူများကို ဝိုင်းဝန်းပံ့ပိုး စည်းရုံးပေးခြင်း၊ လူမှောင်ခိုကူးသူများ စိမ့်ဝင်ထိုးဖောက်လာမှုအား တားဆီးနိုင်ခြင်းတို့ကြောင့် ကျေးလက်ဒေသပါမကျန် ဝိုင်းဝန်းကာကွယ်နိုင်မည်ဖြစ်ကြောင်း ရဲအုပ် သန်းဌေးထံမှ သိရသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)