ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါးလတ်လှေတစ်စီးအား တပ်မတော်ရေ က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါးလတ်လှေတစ်စီးအား တပ်မတော်ရေ က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

 


MNP ၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏  အနောက်မြောက်ဘက် ရေမိုင် ၆၄ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ အောက်တိုဘာ ၁၆ ရက် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ လင်းတိုးတိုးအောင်(၃)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

 လင်းတိုးတိုးအောင်(၃) လှေပေါ်ပါ လှေလုပ်သား ၁၃ ဦးအား တပ်မတော်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင် ဆောင်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ပေးအပ်ကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ လှေလုပ်သားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)