မင်းတပ်မြို့၌ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတပ်မြို့၌ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး



MNP - အောက်တိုဘာ    ၈


ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်‌ရေးတွင်  တစ်စိတ် တစ်ဒေသ အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန်  ယနေ့ နံနက် ၈ နာရီခွဲအချိန်က စံပြရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။


ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှု များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့ အတွက်  အခြေခံစားသောက်ကုန်များဖြစ်‌သော ပစ္စည်း (၁၃)မျိုးနှင့် ဟင်းသီးဟင်းရွက်များကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၈၀၀၊ ပဲဆီတစ်ဘူး ၅၀၀၀၊ ဆားတစ်ထုပ် ၄၀၀၊ ငါးပိတစ်ထုပ် ၈၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၃၆၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀၊ ကုလားပဲ တစ်ပိဿာ ၅၂၀၀၊ ယမ်ယမ် တစ်ပါကင် ၄၀၀၀၊ အာလူး တစ်ပိဿာ ၂၄၀၀၊ ကြက်ဥ တစ်လုံး ၂၀၀၊ နွားနောက်သား တစ်ပိဿာ ၁၂၀၀၀၊ ဝက်သား တစ်ပိဿာ ၈၀၀၀၊ မိသားစုငါးခြောက် တစ်ပိဿာ ၁၄၄၀၀၊ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)