MNP ၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူ များအသင်း (Book Club )တို့ ပူးပေါင်း၍ စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် “ထူးချွန်ချင်တဲ့စိတ်“ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ် ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပြီး (Youth Club ) အဖွဲ့ဝင် ဦးပြည့်ဖြိုးမောင် က စိတ်အကြံမြင့်ပါစေ ခေါင်းစဉ်ကိုလည်းကောင်း (Woman Club) အဖွဲ့ဝင် ဒေါ်နွယ်နွယ်လင်းက စိတ်ဓါတ်အားနည်းလျှင် ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြသည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့်လူငယ် ၊လူရွယ်များ ၊စာဖတ် သည့်အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူး ပေါင်းဆောင်ရွက် တတ်သည့် အလေ့ အကျင့် ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဇာနည်
https://t.me/MyanmarNationalPost
No comments:
Post a Comment