၂၀၂၂ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းမှတ် အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းမှတ် အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်





MNP ၊ အောက်တိုဘာ  ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်၊ ၂၀၂၂ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းမှတ် အခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီက ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ အင်အား(၅၀၀)ခန့် တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ် အောက်တိုဘာလ ဒုတိယပတ်ကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့  အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများတွင် ကျင်းပကြရာ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ်(၂၀၀၀)ပြည့်နှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ကြောင်း ရည်ရွယ်ချက်များကတော့ - မျက်စိကွယ်ခြင်းနှင့်အမြင်အာရုံချို့ယွင်းခြင်းတွေဟာ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမားရေးပြဿနာတစ်ခုဖြစ်ကြောင်းကို ပြည်သူလူထုကပိုမိုသိရှိနားလည်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနအပါဝင် အခြားနှီးနွယ်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တက်ညီလက်ညီအရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ ကာကွယ် ကုသ၍ရသော မျက်စိရောဂါများကြောင့် မျက်မမြင်ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်သွားစေရန်၊ ၂၀၂၂ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ “Love Your Eyes” ဖြစ်ပြီး ပြည်သူလူထုက မိမိတို့၏ အမြင်အာရုံကိုမြတ်နိုးစွာတန်ဖိုးထား စောင့်ရှောက်ပေးကြစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါကြောင်း၊


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း မျက်စိကျန်းမာရေးကဏ္ဍအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမို ထောက်ပံ့နိုင်ခဲ့ကြောင်း မျက်စိဝေဒနာရှင်တွေကို ကုသပေးရာမှာခေတ်မီတိုးတက်သော နည်းလမ်းများဖြင့် ကုသ နိုင်ရုံမျှမကဘဲ လူနာများစိုက်ထုတ်သုံးစွဲရသော ကုန်ကျစရိတ်များလည်း လျော့ချနိုင်ခဲ့ပါကြောင်း မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် မျက်စိကုသရေးအဖွဲ့တွေဟာ မြို့နယ်များ၊ ကျေးရွာများအထိ ကွင်းဆင်းပြီး မျက်စိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အတွင်းတိမ် ရေတိမ်စတဲ့ မျက်စိရောဂါများကို ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မွန်ပြည်နယ်အတွင်း ကြိုတင်ကာကွယ်ကုသနိုင်သော ရောဂါရှိသူများစာရင်း (Morbidity  Survey) ကို ကောက်ယူခဲ့ရာ မျက်စိဝေဒနာရှင်‌ပေါင်း  (၁၂၆၅) ဦးစိစစ်တွ့ရှိခဲ့ရကြောင်း၊ မွန်ပြည်နယ် အတွင်း “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် လူနာများထဲမှ နွမ်းပါးသူများအား ခွဲစိတ်ကုသစစ်ဆေးခြင်းကို (၂၅-၅-၂၀၂၂)ရက်နေ့မှစ၍ (၁၄-၆-၂၀၂၂)ရက်နေ့အထိ ဆေးရုံကြီး၊ မျက်စိအထူးကုဌာနတွင် မျက်စိဝေဒနာရှင် ပေါင်း (၂၂၈)ဦးအား အခမဲ့ခွဲစိတ်မှုပြုလုပ်ခဲ့ပါကြောင်း၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများအပြင် ပြည်သူတစ်ရပ်လုံးကလည်း အရှိန်အဟုန်ဖြင့်ပူးပေါင်းဆောင်ရွက်ပါက ကာကွယ် ကုသ၍ရသော မျက်စိဝေဒနာရှင်များ လျော့နည်းပပျောက်သွားမှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးအနေဖြင့် မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ်စစ်ဆေးခံယူကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။


 ဆက်လက်၍ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းမှတ် အခမ်းအနားတွင် ကူညီပံ့ပိုးပေးသော Good Vision Glasses , Ltd ရွှေမျက်မှန် ပရဟိတအသင်းမှ ဒေါက်တာကောင်းစံ အား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ အခမ်းအနားအပြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)