ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်မှုများရှိသဖြင့် ကာကွယ်နှိမ်းနင်နိုင်ရန် နည်းပညာဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်မှုများရှိသဖြင့် ကာကွယ်နှိမ်းနင်နိုင်ရန် နည်းပညာဆွေးနွေးပွဲပြုလုပ်




MNP ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်၊ မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်မှုများရှိသဖြင့် ကာကွယ်နှိမ်းနင်နိုင်ရန်နည်းပညာဆွေးနွေးပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်း၌ သဲဖြူကုန်းကျေးရွာနှင့် ကျွဲခြံကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သထုံခရိုင်ပိုးမွှားတာဝန်ခံနှင့် မြို့နယ်ရုံးမှဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ သဲဖြူကုန်းကျေးရွာ၌ တောင်သူ ၄၂ဦးတက်ရောက်ခဲ့ပါသည်။ အလား ကျွဲခြံကျေးရွာတွင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းပညာဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ရာတောင်သူ ၂၀ဦးတက်ရောက်ခဲ့ပါသည်။ 


စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်မှာ တောင်သူများမိမိတို့မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်ပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်ပါရန် နိူးဆော်ထားရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)