တံတားဦးမြို့ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၂၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အသစ်ဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၂၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အသစ်ဆောက်လုပ်

 




MNP - အောက်တိုဘာ   ၇


တံတားဦးခရိုင် တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုရှိ  တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း၌ ၁၂၀’×၃၀’×၁၂’ရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စာသင်ဆောင်အသစ်ဆောက်လုပ်နေကြောင်း သိရသည်။


အဆိုပါ စာသင်ဆောင်ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ် တကျဆောင်ရွက်ရေးတို့ကို စနစ်တကျ ဆောင်ရွက်နေကြောင်းလည်း တာဝန်ငန်း တာဝန်ခံထံမှသည်။


စာသင်ဆောင်အဆောက်အဦးသည် ၁၂၀’×၃၀’×၁၂’ စာသင်ဆောင်တွင် အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦ တစ်ထပ်အဆောက်အဦးအသစ် ဆောက်လုပ်ခြင်းဖြစ်ကြောင်း အဆိုပါ အဆောက်အဦများ၏ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၉၉.၉၀၀)ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦကို  ကောင်းဆုဆက် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း ဒါ့အပြင် အဆောက်အဦးသည် ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့မှစတင်၍ ဆောက်လုပ်ပါကြောင်း အဆိုပါ အခြေခံပညာအထက် တန်းကျောင်းတွင် ကျောင်းသာ/သူများ အနေဖြင့် ပျော်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင် လိုအပ်ချက်အရ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက ပြောကြားသည်။


တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၆၀’×၃၀’×၁၂’ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျောင်းပေါင်း(၁၁)ကျောင်း ၊ ၉၀’×၃၀’×၁၂’ ရှိ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျောင်းပေါင်း(၄)ကျောင်း၊ ၁၂၀’×၃၀’×၁၂’ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျောင်းပေါင်း(၂)ကျောင်း၊ ၉၀’×၃၀’×၁၂’ ရှိ သိပ္ပံဆောင် အသစ်တည်ဆောက်ရန်(၁)ကျောင်း၊ ၄၀’×၃၀ ’×၁၂’ ရှိ စာကြည့်တိုက်အသစ်တည်ဆောက်ရန် (၂)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှလည်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)