ဖားကန့်မြို့၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားကန့်မြို့၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၁၅


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 


အဆိုပါပြိုင်ပွဲကျင်းပရာတွင် ဖားကန့်မြို့နယ် အခြေခံပညာစာသင်ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/သူ (၂၀)ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို မြို့နယ်ဦးစီးအရာရှိ ဦးမြတ်ကိုကိုဦးနှင့် ဒုတိယဦးစီး မှူး ဒေါ်ဝင်းမာချိုတို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ 


ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေးအတွက် စာဖတ်ဝိုင်း၊ ဆေးရောက်စုံပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို လစဉ်ကျင်းပလျက်ရှိ‌ ကြောင်း သိရသည်။


သတင်း - မိုးသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)