MNP - အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်မားရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတို့ပူးပေါင်း၍ ယနေ့နံနက် ၈နာရီက မြို့ ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များကို နှိုးဆော်ပေးရာတွင်မျိုးကွဲသစ် အိုမီခရွန်မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့် ထိုးနှံကြရန်နှင့် ကလေး များနှင့် အသက် ၃၀ နှစ်အောက်လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာပါကပါးစပ် နှာခေါင်းစည်းကိုစနစ် တကျ တပ်ဆင်သွားလာကြရန်၊ မိဘပြည်သူများ အနနှင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ ပြင်ပမှလာသည့် ဧည့်သည်များအား လက်မခံကြရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့်ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းနှင့် နှာခေါင်းစည်း Maskများအခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သိန်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment