ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာရပ်ကွက်နေသူထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာရပ်ကွက်နေသူထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ





MNP ၊  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာရပ်ကွက်နေထိုင်သူထံမှ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် (၁၁:၃၀) မိနစ် အချိန်  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။  

ဖြစ်စဉ်မှာ အမှတ်(၄၆)မူးယစ်ရဲတပ်ဖွဲ့စု(မောင်တော) နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်း အရ  မောင်တောမြို့ ၊ လသာရပ်ကွက် ၊ လသာအောက်လမ်း အတိုင်းမြောက် မှ တောင်ဘက်သို့ လမ်းလျှောက်လာသူ အဒူ ရာမန်(ကျား)အား မသင်္ကာသဖြင့် စစ်ဆေးရာ  ၎င်း၏ ဝဲဘက်လက်အတွင်းမှ  အကြည်ရောင် ကြွပ်ကြွပ်အိတ် အပိုင်း အစဖြင့် ထုပ်ထားသည့် အပြာရောင်ကပ်ခွာအိတ်တစ်အိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား WY/R စာတမ်းပါ  လိမ္မော် ရောင် စိတ်ကြွရူး သွပ် ဆေးပြား (၂၀၀)ပြား ၊ (၁)ထုပ် နှင့် (၅၀)ပြားပါ(၁)ထုပ် ဆေးပြားပေါင်း (၂၅၀)ပြား ၊ အလေး ချိန်(၂၂.၅)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး ၎င်းနေအိမ်အားဝင်ရောက်ရှာဖွေရာ  နေအိမ်နောက်ဘက် မီးဖိုချောင် ခန်း ဝါးတိုင်အောက်ခြေတွင်  မြေကြီးဖြင့် ဖုံးအုပ်ထားသော အပြာရောင်ကပ်ခွာအိတ်တစ်အိတ်အတွင်း  စိတ်ကြွရူး သွပ် ဆေးပြား WY/R စာတမ်းပါ  လိမ္မော်ရောင် စိတ်ကြွရူး သွပ် ဆေးပြား (၇၀)ပြား ၊ (၁)ထုပ် ၊ အလေးချိန်(၆.၃)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းခဲ့ကြသည်။

အဆိုပါ မူးယစ်ဆေး ဝါး များ နှင့်အတူ အဒူ ရာမန်(ကျား) အသက်(၂၅)နှစ် (ဘ)အီမာန်ဟူဆိန်း လသာအောက်ရွာ ၊လသာရပ်ကွက် ၊ မောင်တောမြို့နေသူနှင့် ဆက်စပ်တရားခံ အသက်(၃၀)နှစ်အရွယ်  လသာ အထက်ရွာနေသူ(မဖမ်းမိ) ၎င်းတို့နှစ်ဦးအား  မောင်တောမြို့မရဲစခန်းတွင်  မယ(ပ) ၃၇/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁  နှင့်  မယ(ပ) ၃၈/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ  အမှု(၂)ခုခွဲဖွင့်လှစ်ကာ အရေး ယူနိုင်ရေး  စီစဉ် လျက်ရှိပြီး ဆက်စပ်တရားခံ အား အမြန် ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)