MNP - အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များလာရောက်၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင် လက်မှတ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့၊ ရွာလယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၂) အခြေခံပညာအလယ်တန်း ကျောင်းရှိ မဲရုံသုံးပစ္စည်းများ ထိန်းသိမ်းထားသည့် အဆောက်အဦးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦးတို့ ရောက်ရှိလာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်လဲ့လဲ့အောင်နှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင်လက်မှတ်များ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment