တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ မရှိစေရေး မိုဘိုင်းပေး ဝန်ဆောင်မှု လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထပ်မံထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ မရှိစေရေး မိုဘိုင်းပေး ဝန်ဆောင်မှု လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထပ်မံထုတ်ပြန်



MNP ၊ အောက်တိုဘာ ၇

တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ မရှိစေရေး မိုဘိုင်းပေး ဝန်ဆောင်မှု လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထပ်မံထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့် အမျှ မိုဘိုင်းငွေပေးချေမှုများမှ တစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါကြောင်း၊ သို့ရာတွင်မသမာသူများမှ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ခြင်း မရှိဘဲ မိုဘိုင်း ငွေပေးချေမှုအချို့အား အသုံးချ၍ မသမာသည့် နည်းလမ်းဖြင့် တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ငွေကြေးလိမ်လည် မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ် ဆောင်ရွက်သူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ကြောင်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရောနစ်စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (Electronic – Know Your Customer (e-KYC)) လုပ်ငန်းစဉ်အား နိုင်ငံတကာ စံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေး စာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ ဆင်းမ်ကတ်နံပါတ်တို့အား ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ National Database နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ဆက်သွယ် ဆောင်ရွက်သူများအား ကောင်းစွာ သိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်သွားရန် လိုအပ်ကြောင်း၊ အချက် အလက်ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့် မိုဘိုင်းငွေကြေး စာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့်  မိုဘိုင်းပေး ဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသော ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူ များအနေဖြင့် နီးစပ်ရာ ကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု ပေးသူ များအနေဖြင့် KYC အား Level 1 မှ Level 2 သို့ အဆင့်မြှင့်တင်နိုင်ရေး အတွက် သုံးစွဲသူများထံ သို့ SMS ပေးပို့ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆင့် ၂ (Level 2) သို့ တိုးမြှင့်လိုခြင်း မရှိသော မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန်  အသိပေး ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)