လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ယနေ့နံနက်ပိုင်းတွင် အသံ မစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကိုပြုလုပ်ရာ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၏ ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပထမ ကျော်၊ အဂ္ဂမဟာကျော် အဋ္ဌကထာပြန်အကျော်  သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ တိပိဋကဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စေတီယင်္ဂဏပဝရ သီရိမဟာဓမ္မဂုရု အဂ္ဂမဟာပဏ္ဍိတ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတောများကြွရောက်တော် မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ၊ တိပိဋက လင်္ကာရစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှရတနာဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)