MNP ၊ အောက်တိုဘာ ၁
(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျော်ဖြူခရိုင် ရဲတပ်ဖွဲ့ကဦးဆောင်၍ ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ထံမှ ပေးပို့လာသော (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း က ဖတ်ကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသက်ကိုပဒါနမထားဘဲ တာဝန် ထမ်းဆောင်ခဲ့သော ရဲတပ်ကြပ် ဆန်းထွန်း(ကျဆုံး)၏ ရဲဗလဆုတံဆိပ်ကို ဇနီး ဒေါ်ခင်သိန်းနွယ်အား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းက ဆုတံဆိပ်နှင့်ဂုဏ်ပြုစာလွှာပေးအပ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ကျောက်ဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး(၁၇)ဦးအား လည်းကောင်း၊ ရုံးလုပ်ငန်း/ ရဲလုပ်ငန်းနှင့်အခြား တာဝန်များတွင် စွမ်းစွမ်းတမံထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသူများအား လည်းကောင်း တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးခဲ့ကြပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အားပြသခဲ့သည်။
အဆိုပါအခမ်းအနားအား ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်၊ အမှတ်(၁) ရေနံမြေရဲတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်မောင်ဖြူ၊ ခရိုင်/မြို့နယ်လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment